နယူးယောက် အောက်တိုဘာ ၂၄
အမေရိကန်ကားထုတ်လုပ်သူ ဖို့ဒ် ကားကုမ္ပဏီသည် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ဘဏ္ဍာရေးရလဒ်များ တိုးတက်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၉ ရာခိုင်နှုန်း တိုးတက်ကာ အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၅ ဘီလီယံ ဝင်ငွေစံချိန်တင်ရရှိခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
တတိယသုံးလပတ်တွင် ဖို့ဒ်ကားကုမ္ပဏီ၏ အသားတင်ဝင်ငွေ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံရရှိခဲ့ပြီး ယမန်နှစ်အလားတူကာလ ထက် ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ချိန်ညှိပြီး အတိုးနှင့် အခွန်မဆောင်မီ ဝင်ငွေ (EBIT) သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလနှင့် တူညီကြောင်း သိရသည်။
ဖို့ဒ်ကားထုတ်လုပ်ရေးကုမ္ပဏီ က ၂၀၂၅ ခုနှစ် တစ်နှစ်လုံးအတွက် ကြိုတင်ခန့်မှန်းချက်များအရ ချိန်ညှိပြီး EBIT ဒေါ်လာ ၆ ဘီလီယံမှ ၆ ဒသမ ၅ ဘီလီယံ၊ ချိန်ညှိပြီး ငွေသားစီးဆင်းမှုပမာဏ ဒေါ်လာ ၂ ဘီလီယံမှ ၃ ဘီလီယံ နှင့် အရင်းအနှီးအသုံးစရိတ် ဒေါ်လာ ၉ ဘီလီယံဝန်းကျင်ရှိမည်ဟု သိရသည်။
မိမိတို့သည် ပိုမိုအားကောင်း ပြီး လုပ်ငန်းသွက်လက်မြန်ဆန်သည့် ကုမ္ပဏီတစ်ခုအဖြစ် ၂၀၂၆ ခုနှစ်ကို ဦးတည်သွားနေကြောင်းနှင့် ပိုမိုကောင်းမွန်သည့်အရာများအပေါ် ဆက်လက်အာရုံစိုက်သွားမည်ဖြစ်ပြီး သုံးစွဲသူတွေအတွက် ကြီးမားသည့်တန်ဖိုးများ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ဖို့ဒ်၏ ဥက္ကဋ္ဌနှင့်စီအီးအိုဂျင်ဖာလေးက ပြောကြားသည်။
ဆင်ဟွာ


