နယူးယောက် အောက်တိုဘာ ၂၄

အမေရိကန်ကားထုတ်လုပ်သူ ဖို့ဒ် ကားကုမ္ပဏီသည်   ၂၀၂၅   ခုနှစ် တတိယသုံးလပတ်တွင်   ဘဏ္ဍာရေးရလဒ်များ    တိုးတက်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၉    ရာခိုင်နှုန်း    တိုးတက်ကာ   အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၅ ဘီလီယံ     ဝင်ငွေစံချိန်တင်ရရှိခဲ့ကြောင်း  အောက်တိုဘာ   ၂၃ ရက်က  သတင်းထုတ်ပြန်ခဲ့သည်။

တတိယသုံးလပတ်တွင် ဖို့ဒ်ကားကုမ္ပဏီ၏ အသားတင်ဝင်ငွေ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံရရှိခဲ့ပြီးယမန်နှစ်အလားတူကာလ ထက်   ၁  ဒသမ  ၆   ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ချိန်ညှိပြီး အတိုးနှင့် အခွန်မဆောင်မီ ဝင်ငွေ (EBIT) သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလနှင့် တူညီကြောင်း   သိရသည်။

ဖို့ဒ်ကားထုတ်လုပ်ရေးကုမ္ပဏီ က    ၂၀၂၅    ခုနှစ်    တစ်နှစ်လုံးအတွက် ကြိုတင်ခန့်မှန်းချက်များအရ  ချိန်ညှိပြီး  EBIT  ဒေါ်လာ ၆ ဘီလီယံမှ ၆ ဒသမ  ၅  ဘီလီယံ၊  ချိန်ညှိပြီး ငွေသားစီးဆင်းမှုပမာဏ ဒေါ်လာ ၂ ဘီလီယံမှ ၃ ဘီလီယံ နှင့်     အရင်းအနှီးအသုံးစရိတ် ဒေါ်လာ ၉ ဘီလီယံဝန်းကျင်ရှိမည်ဟု သိရသည်။

မိမိတို့သည် ပိုမိုအားကောင်း ပြီး   လုပ်ငန်းသွက်လက်မြန်ဆန်သည့် ကုမ္ပဏီတစ်ခုအဖြစ် ၂၀၂၆ ခုနှစ်ကို ဦးတည်သွားနေကြောင်းနှင့်   ပိုမိုကောင်းမွန်သည့်အရာများအပေါ်  ဆက်လက်အာရုံစိုက်သွားမည်ဖြစ်ပြီး သုံးစွဲသူတွေအတွက် ကြီးမားသည့်တန်ဖိုးများ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ဖို့ဒ်၏ ဥက္ကဋ္ဌနှင့်စီအီးအိုဂျင်ဖာလေးက ပြောကြားသည်။  

ဆင်ဟွာ