ဝါရှင်တန် အောက်တိုဘာ ၂၈
အေအိုင်နည်းပညာအသုံးပြုမှု မြင့်တက်လာချိန်တွင် ဗျူရိုကရေစီစနစ်နှင့် မန်နေဂျာများကို လျှော့ချရန်အတွက် အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် အမေဇုန်သည် အလုပ်အကိုင်ပေါင်း ၃၀၀၀၀ အထိလျှော့ချရန်စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။
အလုပ်အကိုင်လျှော့ချမှုများကို အောက်တိုဘာ ၂၈ ရက်ထက် နောက်မကျဘဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်အကိုင်လျှော့ချမှုကြောင့် အမေဇုန်ဝန်ထမ်းပေါင်း ၁၀ ရာခိုင်နှုန်းခန့် ထိခိုက်သွားမည်ဖြစ်သည်။
အမေဇုန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကာလအတွင်း မြင့်မားသော တောင်းဆိုမှုများကို ဖြည့်ဆည်းရန်အတွက် အလုပ်အလွန်အကျွံခန့်ထားမှုများကို ကုစားရန် လုပ်ဆောင်နေသည်။
၂၀၂၂ ခုနှစ်မှစတင်၍ အလုပ်အကိုင်ရာထူး ၂၇၀၀၀ ခန့်လျှော့ချပြီးနောက် ယခုတစ်ကြိမ် အလုပ်အကိုင်လျှော့ချမှုသည် ကုမ္ပဏီ၏ အကြီးမားဆုံး အလုပ်အကိုင်ဖြတ်တောက်လျှော့ချမှု ဖြစ်လာမည်ဖြစ်သည်။
အေအိုင်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းဖြင့် ကုမ္ပဏီ၏ လုပ်သားအင်အားကို ပိုမိုလျှော့ချရန် ဦးတည်သွားနိုင်မည်ဖြစ်ကြောင်း အမေဇုန်အမှုဆောင်အရာရှိချုပ် အန်ဒီဂျက်ဆီက ဝန်ထမ်းများအား ဇွန်လက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


