ရန်ကုန် နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ယနေ့ညနေပိုင်းက အဆိုပါလမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းမကြီးတစ်လျှောက် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်လာရောက်လည်ပတ်ကြသူ ပြည်သူများဖြင့် အထူးပင် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းတစ်လျှောက် ဝါးတန်းလမ်းထိပ်မှ လမ်းမတော် လမ်းထိပ်အထိ ဆိုင်ခန်းပေါင်း ၁၈၀ ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်


