ရန်ကုန်      နိုဝင်ဘာ     ၁

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၏  တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို  ယနေ့ညနေပိုင်းက  အဆိုပါလမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းမကြီးတစ်လျှောက် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်လာရောက်လည်ပတ်ကြသူ  ပြည်သူများဖြင့် အထူးပင် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

 

အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လမ်းမတော်မြို့နယ်ရှိ    အနော်ရထာလမ်းတစ်လျှောက်   ဝါးတန်းလမ်းထိပ်မှ လမ်းမတော် လမ်းထိပ်အထိ ဆိုင်ခန်းပေါင်း ၁၈၀ ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။       

 

                                      

 ကျော်ဆန်းမြင့်