မနီလာ  နိုဝင်ဘာ  ၁၆

တောင်ကိုရီးယားနိုင်ငံ၏   ရာသီအလိုက် လုပ်သားအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာအသစ် ပြုလုပ်ကာ ဖိလစ်ပိုင်နှင့်တောင်ကိုရီးယားနိုင်ငံတို့သည် ၎င်းတို့၏  မိတ်ဖက်ဆက်ဆံရေးကို   ခိုင်မာစေခဲ့ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက  နိုဝင်ဘာ ၁၆ ရက်တွင် ပြောသည်။

အဆိုပါသဘောတူညီချက်သည် ဖိလစ်ပိုင်ရာသီအလိုက် တောင်ကိုရီးယားသို့  လုပ်သားများစေလွှတ်ရာတွင်  အမျိုးသားအဆင့်နှင့် ဒေသတွင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို စည်းလုံးညီညွတ်စေမည့် မူဘောင်တစ်ရပ်ချမှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါသဘောတူညီချက်သည်  နှစ်နိုင်ငံကြား  တရားဝင်အလုပ်ခန့်အပ်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးသကဲ့သို့ မျှတသည့်အလုပ်ခန့်ထားမှုစနစ်၊ တရားဝင်အကာအကွယ်ရရှိမှုနှင့် သင့်လျော်သည့် လူမှုဖူလုံရေးစောင့်ရှောက်မှုများအတွက် အာမခံချက်ပေးထား သည်။ ယင်းသဘောတူညီချက်အောက်တွင်  ပြန်လာသည့် အလုပ်သမားများအား  ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက စိုက်ပျိုးရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အစီအစဉ်များကို  ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။                                                          

ဆင်ဟွာ