ဝါရှင်တန်   နိုဝင်ဘာ   ၂၅

စီးပွားရေး လုပ်ငန်းရှင်များက အချို့သောလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက်   ဉာဏ်ရည်တုကို    ပိုမိုအားထားလာကြသောကြောင့် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ဘွဲ့ရအမျာအပြားမှာ အလုပ်ရှာဖွေရာတွင် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

စက်မှုအင်ဂျင်နီယာဘာသာရပ်နှင့် ဇီဝနည်းပညာတို့ကို သင်ယူခဲ့ပြီးနောက် လွန်ခဲ့သောသုံးနှစ်က ဘွဲ့ရထားသော မက်သရူး ဆော်လမွန်သည် အလုပ်ရှာဖွေနေသူတစ်ဦးဖြစ်ပြီး အလုပ်လျှောက်လွှာထောင်ချီ လျှောက်ထားခဲ့သော်လည်း ပြန်လည်တုံ့ပြန်သည့်နှုန်းမှာ အလွန်နည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် အလုပ်ရှာဖွေရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။

အသက် ၂၀ မှ ၂၄ နှစ်ရှိ လူငယ်လူရွယ်များအကြား စက်တင်ဘာလအတွင်း  အလုပ်လက်မဲ့နှုန်းမှာ  ၉ ရာခိုင်နှုန်းရှိခဲ့သည်ဟုဆိုသည်။ ဖက်ဒရယ် အရန်ဘဏ်၏ နောက်ဆုံးစီးပွားရေးအစီရင်ခံစာအရ စီးပွားရေးလုပ်ငန်းရှင်များသည် ဉာဏ်ရည်တုနှင့်ဆက်နွှယ်သော နည်းပညာရပ်များတွင်  ပိုမိုရင်းနှီး မြှုပ်နှံလာကြသည့်အတွက်  လစာပေးရသည့် ဝန်ထမ်းများလျှော့ချမှုများ မြင့်တက်လာကြောင်း သိရသည်။ 

အင်န်အိတ်ချ်ကေ