နေပြည်တော် ဇန်နဝါရီ ၈

 

ဘားအံမြို့နယ်နှင့် မူဆယ်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီခွဲတွင် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာ အနီးတွင် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်နေ မဇာခြည်မိုး (၃၆) နှစ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (ဒေသတန်ဖိုး ငွေကျပ်သိန်း ၅၀) ကို လည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် မူဆယ်-နမ့်ခမ်းသွားကားလမ်းတွင် ကွတ်ခိုင်မြို့နယ် ဟိုနောင်ကျေးရွာနေ အောင်မိုင် (၂၈) နှစ် မောင်းနှင်ပြီး ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာနေ မင်းသူ (ခ) ဒွဲလာ (၂၈) နှစ် လိုက်ပါလာသော TOYOTA LANDCRUI- SER ယာဉ်အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၅ ဒသမ ၇၂ ကီလို (ဒေသ တန်ဖိုးငွေကျပ် ၅၇၂ သိန်း)နှင့် မြန်မာငွေကျပ် ၆ ဒသမ ၅ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် သိမ်းဆည်းရမိ ဘိန်းဖြူများ ရောင်းချပေးသူ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ဟိုနားနယ်မြေနေ နော်လောန် (၄၃) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို (ဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ သိန်း) ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်