နတ်တလင်း ဇန်နဝါရီ ၁၂

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်များအား အရည်အသွေးပြည့်ဝသော Quality AN care ရှစ်ကြိမ်ရရှိနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေး  ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ဆောင်ရွက်ပေးခြင်းကို နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးသန့်၏ ဦးဆောင်မှုဖြင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာန မှ မိခင်ကလေး ကျောင်းကျန်းမာ အာဟာရဦးစီးအရာရှိ  ဒေါ်ခိုင်သဉ္ဇာ နှင့် ဝန်ထမ်းများက ကိုယ်ဝန်ဆောင် ၃၀  အား ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်း၊ ကိုယ်ဝန်ဆောင်များ၏ သွားကျန်းမာရေး အသိပညာပေးခြင်း၊ ကိုယ်ဝန်ဆောင်များ အာဟာရညီညွတ် မျှတစွာ စားသောက်စေရေး ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း၊ အပြန်အလှန်အမေးအဖြေ ပြုလုပ်၍ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝေယံဖြိုး(ပြန်/ဆက်)