အူလန်ဘာတာ   ဇန်နဝါရီ   ၁၂

မွန်ဂိုလီးယားနိုင်ငံသည်   ၂၀၂၅ ခုနှစ်အတွင်း    ကျောက်မီးသွေး တန်ချိန်   စုစုပေါင်း ၈၃ ဒသမ ၉ သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း မွန်ဂိုလီးယား  အထွေထွေအကောက်ခွန်အဖွဲ့ (အမ်စီဂျီအေ) က ဇန်နဝါရီ ၁၂ ရက်တွင်  ပြောကြားသည်။

အဆိုပါအရေအတွက်မှာ ၂၀၂၄   ခုနှစ်ကထက် ၅  ဒသမ  ၆ ရာခိုင်နှုန်း တိုးလာကြောင်း အမ်စီဂျီအေက    ထုတ်ပြန်ထားသည်။

လက်ရှိတွင်  မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးသည် သတ္တုတွင်းလုပ်ငန်းကဏ္ဍနှင့် သတ္တုအရင်းအမြစ်များအပေါ် အလွန်မှီခိုနေရကြောင်း၊၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း  မွန်ဂိုလီးယားနိုင်ငံ၏  ပြည်ပပို့ကုန်စုစုပေါင်း၏ ၉၉ ဒသမ ၂ ရာခိုင်နှုန်းမှာ ကျောက်မီးသွေး၊ ကြေးနီ စသည်တို့ကဲ့သို့  သတ္တုတွင်းကုန်ပစ္စည်းများပါဝင်ကြောင်း သိရသည်။

ဆင်ဟွာ