အူလန်ဘာတာ ဇန်နဝါရီ ၁၂
မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ကျောက်မီးသွေး တန်ချိန် စုစုပေါင်း ၈၃ ဒသမ ၉ သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း မွန်ဂိုလီးယား အထွေထွေအကောက်ခွန်အဖွဲ့ (အမ်စီဂျီအေ) က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားသည်။
အဆိုပါအရေအတွက်မှာ ၂၀၂၄ ခုနှစ်ကထက် ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးလာကြောင်း အမ်စီဂျီအေက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးသည် သတ္တုတွင်းလုပ်ငန်းကဏ္ဍနှင့် သတ္တုအရင်းအမြစ်များအပေါ် အလွန်မှီခိုနေရကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း မွန်ဂိုလီးယားနိုင်ငံ၏ ပြည်ပပို့ကုန်စုစုပေါင်း၏ ၉၉ ဒသမ ၂ ရာခိုင်နှုန်းမှာ ကျောက်မီးသွေး၊ ကြေးနီ စသည်တို့ကဲ့သို့ သတ္တုတွင်းကုန်ပစ္စည်းများပါဝင်ကြောင်း သိရသည်။
ဆင်ဟွာ


