ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)၌ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ လှည်းကူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်က အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်က ဂုဏ်ပြုကျေးဇူး တင်စကားပြောကြားကာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ရွေးကောက်ပွဲ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)၌ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


