ဆစ်ဒနီ ဇန်နဝါရီ ၁၈

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ရေကြီးရေလျှံမှုကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း     သိရသည်။

ဆစ်ဒနီမြောက်ပိုင်းတွင်မြေပြိုမှုဖြစ်ခဲ့သဖြင့် နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့သည်။ ရေကြီးရေလျှံမှုများဖြစ်ခဲ့သဖြင့် ဆစ်ဒနီမြောက်ပိုင်း ကမ်းခြေနာ ယာဗန်းလာကွန်းဒေသရှိဒေသခံများအား  ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁၁ နာရီ မတိုင်မီအချိန်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး နယူးဆောက် ဝေးပြည်နယ်ရှိ ဒေသခံများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဂရိတ်မက်ကရယ် ကမ်းခြေရှိ အဆောက်အအုံသုံးလုံး ပျက်စီးခဲ့သည်။

ဇန်နဝါရီ   ၁၈ ရက် နံနက်  ၉ နာရီအထိ   မိုးရေချိန် ၁၇၉  ဒသမ   ၆    မီလီမီတာအထိ ရွာသွန်းခဲ့ကြောင်း   မိုးလေဝသဌာနက ပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ