ဆော်ပိုလို  ဇန်နဝါရီ  ၁၈

ဘရာဇီးနိုင်ငံ   ရီယိုဒီဂျနေးယိုးမြို့၌    ဇန်နဝါရီ ၁၇  ရက်က  သစ်တောဧရိယာအတွင်း   ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားသဖြင့် ယာဉ်ပေါ်ပါသူ သုံးဦးလုံး သေဆုံးသွားကြောင်း မြို့မီးသတ်ဌာနက ပြောကြားသည်။

အဆိုပါ ရဟတ်ယာဉ်သည်  မြို့၏အနောက်ဘက်အစွန်၌ ဂွါရာတီဘာဒေသ၌  ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်သမားများက အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသူများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။  

ကနဦးသတင်းများအရ ပုဂ္ဂလိကပိုင် အဆိုပါရဟတ်ယာဉ်သည် အနီးနားဒေသတစ်ခုမှ ထွက်ခွာခဲ့စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို   အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆင်ဟွာ