ညောင်ရွှေ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ် ညောင်ရွှေမြို့၌ တောင်ပေါ်လမ်းကြမ်း အပြေးအားကစားပြိုင်ပွဲ (Inle 100 Trail Run 2026)ကို ယနေ့နံနက် ၄ နာရီခွဲက မြို့နယ်အားကစားကွင်း၌ စတင်တာလွှတ် ကျင်းပခဲ့သည်။
တောင်ပေါ်လမ်းကြမ်း အပြေးအားကစားပြိုင်ပွဲတွင် ၆၀ ကီလိုမီတာ၊ ၃၃ ကီလိုမီတာနှင့် ၁၅ ကီလိုမီတာ လမ်းကြောင်းသုံးခုဖြင့် အင်းလေးကန်အရှေ့ဘက်ကမ်းရှိ တောင်ပေါ်ဒေသကျေးရွာများသို့ ဆက်သွယ်သည့်လမ်းများတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ပြည်တွင်း၊ ပြည်ပမှ အပြေးအားကစားသမား ၅၅၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး အင်းလေးဒေသခရီးသွားမြှင့်တင်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


