တောင်ကြီး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဘုရားငါးဆူကျေးရွာရှိ ချယ်ရီမြေစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ ဆောင်းနေကြာ ရေဆင်းစပ်မျိုး(၁) စိုက်ပျိုးထားရှိမှုနှင့် ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်းလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ရုရှားနေကြာ( Ipolit/ Valkun OR) မျိုးစိုက်ပျိုးထားရှိမှုများကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက နေကြာစိုက်ခင်းအားကြည့်ရှုပြီး အပင်၏ အသက်ရက်အလိုက် ကျွေးရမည့်အစာ အာဟာရများ အချိုးကျ အချိန်ကိုက်ကျွေးရန်၊ ပိုးမွှားရောဂါ မကျရောက်စေရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ရန်နှင့် ရာသီကုန်ရိတ်သိမ်းချိန်တွင် သတ်မှတ်အထွက်နှုန်းရရှိရေး ဦးတည်ကြိုးပမ်းကြပ်မတ် ဆောင်ရွက်သွားကြရန် ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


