ဂန့်ဂေါ  ၂၁  မတ် 

 

ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါရှိ ရှေးဟောင်းသမိုင်းဝင် စွယ်တော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကို မတ် ၁၇ ရက်မှ ၂၀ ရက်ထိ စည်ကားစွာကျင်းပခဲ့ရာ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ တရားတော် များ နာကြားပွဲတို့ ထည့်သွင်းကျင်းပခဲ့သည်။

 

ထို့ပြင် မတ် ၂၀ ရက် နံနက်၌ သံဃဒါနဆွမ်းလောင်းလှူပွဲကို စည်ကားစွာကျင်းပခဲ့ရာ ဘုရားအမှူးပြုသည့် သံဃာတော် ၅၀ဝ ပါး ကျော်တို့ အလှူခံကြွရောက်တော်မူကြောင်း နှင့် ပြည်သူ ၃၀ဝ၀ ကျော်တို့က ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN

 

GGW SW