လှိုင်းဘွဲ  ၂၃  မတ်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနရုံးမှ ဦးဆောင်၍ ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခြင်း၊ ယာဉ်လိုင်စင်များ သက်တမ်းတိုးပေးခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပြောခြင်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ဇွဲမာန်အားကစားခန်းမ၌ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးစောကျော်လွင်ဦးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိရှိလိုက်နာရမည့် အချက်အလက်များ၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနက ဆောင်ရွက်သော ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခြင်းနှင့် ယာဉ်လိုင်စင်များ သက်တမ်းတိုးပေးခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် အချက်အလက်တို့ကို ရှင်းလင်း ပြောကြားသည်။

 

ထိုနောက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ယာဉ်မောင်းလိုင်စင်မရှိသေးသော ပြည်သူများသည် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခြင်းနှင့် လိုင်စင်သက်တမ်းကုန်ဆုံးသည့် ကား/ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

သိန်းသန်း(ပြန်/ဆက်)

 

viber image 2