နေပြည်တော် ၂၃ မတ်
နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ(နေပြည်တော်)ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ဆက်လက်ကျင်းပလျက်ရှိသည်။
MSMEs ပြပွဲပြိုင်ပွဲကို မတ် ၂၄ ရက် နေ့အထိ ပြသသွားမည်ဖြစ်ရာ ဒုတိယနေ့ စနေနေ့အတွင်း လာရောက်ကြည့်ရှုဝယ်ယူအားပေးသူများဖြင့် စည်ကားများပြားလျက်ရှိသည်။ အခမ်းအနားတွင် အိမ်သုံးနှင့် လက်မှုပစ္စည်းလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ချည်မျှင်နှင့် အထည်လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် စက်မှုဝန်ကြီးဌာနတို့မှ ပြခန်းပေါင်း စုစုပေါင်း ၂၇၁ ခန်း ပါဝင်ပြသခဲ့သည်။
MDN
ဓါတ်ပုံ KZH


