အိမ်မဲ  ၂၃  မတ် 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရာဇူရိုးကျေးရွာအုပ်စု သက္ကယ်ကုန်းကျေးရွာတွင် မြို့နယ်ကရင် စာပေနှင့်ယဉ်ကျေးမှုဦးစီးကော်မတီက ကြီးမှူး၍ (၃၉)ကြိမ်မြောက် ကရင်ဆရာ ဆရာမ မွမ်းမံသင်တန်းကို ယခုလ ၁၉ ရက်နေ့ကစတင်၍ သင်ကြားပေးကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် သင်တန်းသားများမှာ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် ငွေဆောင်မြို့နယ်တို့က စကောကရင် ၈၀ ဦး ပိုးကရင် ၃၉၀ ဦးတို့ တက်ရောက်ကြပြီး သင်တန်းသူ/သင်တန်းသားများသည် ကျောင်းတွင်း/ ပြင်ပ သင်ဆရာ ဆရာမများဖြစ်ကြကြောင်း သိရသည်။

 

သင်တန်းကို နည်းပြဆရာ ဆရာမ ပိုးကရင် ၇ ဦး စကောကရင် ၉ ဦးဖြင့် စာသင်ဆောင် ၇ ဆောင်ခွဲ၍သင်ကြားပေးကြောင်းနှင့် ၅ ရက်တာ သင်တန်းပို့ချပေးပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)