ပွင့်ဖြူ ၂၄ မတ်

 

မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ေေ

 

အခမ်အနားတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကိုကိုအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့သည့် အခြေခံ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ၊ မေထုံမဲ့ သားစပ်ခြင်းဆိုင်ရာ နည်းစနစ်များနှင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ် နည်းစနစ်များကို ကျေးလက်နေပြည်သူများထံ လက်ဆင့်ကမ်း မျှဝေပေးကြစေလိုကြောင်းနှင့် ပြည်သူ့အကျိုးပြု မွေးမြူရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ 

 

ထို့နောက် မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုနှင့် နှစ်သိမ့်ဆု ရရှိသူများကို တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ိ

 

အဆိုပါသင်တန်းကို မတ် ၂၀ ရက်မှ ၂၄ ရက်အထိ အခြေခံမွေးမြူရေးဆိုင်ရာ နည်းစနစ်များ၊ အိမ်မွေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ၊ တိုင်းရင်းကြက်မွေးမြူရေး နည်းစနစ်များ၊ မေထုံမဲ့သားစပ်ခြင်း နည်းစနစ်များ၊ စားကျက်မြေများအကြောင်း သိကောင်းစရာများ၊ အာဖရိက အပြင်းဖျားရောဂါနှင့် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရန်နည်းလမ်းများ၊ တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေအကြောင်း သိကောင်းစရာများကို ငါးရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


 
ရဲဝင်းနိုင် (ညောင်ဦး)