မယ်စဲ့ ၂၄ မတ်

 

ကယားပြည်နယ် မယ်စဲ့မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာများအရောက် နယ်လှည့်ဆေးကုသရေး လုပ်ငန်းများ (အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မတ် ၂၃ ရက် နံနက်ပိုင်းက နမ့်ပိန်းလင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ိ

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက နမ့်ပိန်းလင်ကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ငှက်ဖျားရောဂါ၊ တီဘီရောဂါ စစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ငါးနှစ်အောက် ကလေးများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ ကုသပေးခြင်းဖြင့် စုစုပေါင်း လူနာ (၄၁)ဦးအား အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

ိ္