ဂွ မတ် ၂၅

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည်  ယနေ့နံနက် ၇ နာရီတွင် ဂွမြို့ နယ် ပုန်းညက်ကျေးရွာရှိ ပုန်းညက်ပန်းစာကြည့်တိုက်၌ ကျေးရွာလူထုနှင့် အနီးပတ် ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးညီပုက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ်မူတည်၍ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်တွင်းပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများ၊ သံတမန်များ၊ လုပ်ငန်းရှင်များဖိတ်ခေါ်ရေး စီမံကိန်းများ ရေးဆွဲထားပါကြောင်း၊ ထို စီမံချက်များတွင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းစသည့် ကဏ္ဍများ ပါဝင်ပါကြောင်း၊ တက်ရောက်လာကြသူများကလည်း မိမိဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလို ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒေသခံပြည်သူများက ကျေးရွာမြေသားလမ်း ဖောက်လုပ်ရေး၊ တစ်မြို့နယ်လုံး လျှပ်စစ်မီးရရှိရေး၊ တံတား တည်ဆောက်ရေး၊ အခြေခံပညာကျောင်း များတွင် ဆရာ၊ ဆရာမ ပြည့်စုံစွာရရှိရေး၊ အလုပ်အကိုင်ရရှိရေး၊ Box Culvert များ တည်ဆောက်ရေး၊ မြေယာကိစ္စရပ်များ၊ ဒေသထွက်ကုန်စီးပွားရေးလုပ်ငန်းများ၊ ဒေသ အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြ ကြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးသည်။

 

mdn

    

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပုန်းညက်ကျေးရွာ ပုန်းညက်ပန်း စာကြည့်တိုက် မျက်နှာကျက်တပ်ဆင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ကျပ်(၁၅)သိန်း ပေးအပ်သည်။ 

 

မျိုးသူထွန်း