နေပြည်တော် ၂၆ မတ်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၁၉ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ (ပထမနေ့)၌ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၄ ဌာနတို့တွင် စာဖြေသံဃာတော်နှင့် သီလရှင်များ စာရင်းသွင်း ၂၀၃၃၃ ပါးအနက် ၁၆၇၉၀ ပါး ဖြေဆိုကြသဖြင့် ၈၂ ဒသမ ၅၈ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


