ရန်ကုန် ၂၈ မတ်
၂၀၁၉ ခုနှစ် Sichuan Airlines မှ ၎င်း၏ ချန်ဒူး-ရန်ကုန် ခရီးစဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA)၊ Terminal 1 တွင် ယနေ့မှစတင်၍ တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
Sichuan Airlines ၏ ချန်ဒူး-ရန်ကုန် ခရီးစဉ်သစ်အတွက် ခရီးသည် ၁၈၉ ဦး (C 12/ Y 177 ဦး) လိုက်ပါစီးနင်းနိုင်သည့် A 321-211A အမျိုးအစား လေယာဉ်များ အသုံးပြုပြေးဆွဲသွားမည်ဖြစ်ပြီး မတ် ၂၈ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့များတွင် ပျံသန်းပြေးဆွဲပေးသွားမည် ဖြစ်သည်။
ယခု ချန်ဒူး-ရန်ကုန် ခရီးစဉ်သည် ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံရှိ အထင်ကရမြို့များသို့ ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသည့် Sichuan Airlines မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပျံသန်းပြေးဆွဲသည့် သုံးခုမြောက် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-Yangon International Airport Facebook


