ဘုတလင်   ၂၉  မတ်

 

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စိုက်ပျိုရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းက အမှာစကားပြောကြားခဲ့ပြီး ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးကိုလေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။ 

 

သင်တန်းတွင် တစ်ဧက အထွက်နှုန်း တိုးတက်ခြင်း၊ တောင်သူများ ဝင်ငွေတိုးစေခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချခြင်း၊ သီးနှံအရည်အသွေး ပြည့်မှီခြင်း စသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီး အသုံးဝင်စေမည့် နည်းပညာများကို ပို့ချခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း တစ်ဧကအထွက် နှုန်းတိုးတက်ရေး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင်ရေး၊ သီးနှံအရည်အသွေး ပြည့်မှီရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာ(၄၀)မှ တောင်သူ(၁၀ဝ)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဟန်မျိုးထွန်း(ပြန်/ဆက်)