ထန်တလန် ၃၀ မတ်
နွေရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေများ နည်းပါးလာသည်နှင့်အမျှ ချင်းပြည်နယ် ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်နေ ပြည်သူများ သောက်သုံးရေ မလုံလောက်ခြင်းကြောင့် မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးရွှေကျုံးလျန် ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက အထက(၁)ကျောင်းရှေ့၌ သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် ရေဂါလန် ၁၆၀ဝ ဆံ့ မီးသတ်ကားဖြင့် အမှတ်(၁)ရပ်ကွက်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်နေသော ပြည်သူများအား သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန် သောက်သုံးရေ ဂါလန် ၁၆၀ဝ ကို သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
MDN


