ရန်ကုန် ၃၀   မတ် 

 

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းမှ ကြီးမှူးဖွင့်လှစ်သော အခြေခံ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၁၉)ကို ဧပြီလ(၂၉)ရက်မှ မေ၂၉ ရက် နံနက်(၉)နာရီမှ မွန်းလွဲ ၁၂ ခွဲအထိ ရန်ကုန်မြို့ပြည်လမ်းစိန်ရတုခန်းမရှိမြန်မာနိုင်ငံစာကြည့်တိုက်အသင်း၏သင်တန်းခန်းမ(၂)တွင် ဖွင့်လှစ်မည်ဖြစ် ကြောင်း ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

သင်တန်းသို့စာကြည့်တိုက်ပညာရပ်ကို စိတ်ပါဝင်စားလေ့လာလိုသူမည်သူမဆိုတက်ရောက်နိုင်ပြီး စာရွက် စာတမ်းများအတွက်ငွေကျပ် ၂၀ဝ၀ဝ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းလျှောက်လွှာများကို မြန်မာနိုင်ငံစာကြည့်တိုက်အသင်း သင်တန်းခန်းမ(၂)နှင့် စာပေဗိမာန် ပြည်သူ့ စာကြည့်တိုက်အမှတ် ၅၂၉/၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ရယူနိုင်ပြီး လျှောက်လွှာများကိုဧပြီလ(၂၆)ရက်နေ့နောက်ဆုံးထား၍ဖော်ပြပါလိပ်စာများနှင့်E-mail. myanmarlibraryassociation.mla@gmail.comများသို့ပေးပို့လျှောက်ထားနိုင်ပြီးအသေးစိတ်သိရှိမေးမြန်းလိုပါကဖုန်းနံပါတ်-၂၅၄၈၀၃၇၇၀  သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

MDN