ဒဂုံ ၁၀ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဧပြီ ၉ ရက်တွင် ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးက သက်ကြီးအဘိုး(၂)ဦးနှင့် အဘွား(၅)ဦးတို့အား ထောက်ပံ့ငွေပေးအပ်ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လစဉ် နိုင်ငံတော်မှ သက်ကြီးဘိုးဘွား ကူညီစောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် အိမ်တိုင်ရာရောက် တစ်ဦးချင်အလိုက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


