ဒဂုံ ၁၀ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်အတွင်းရှိ  အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်  ဒုတိယသုံးလပတ်အတွက်   အမျိုးသားလူမှုရေးပင်စင်  ထောက်ပံ့ငွေပေးအပ်ခြင်းကို   ဧပြီ     ၉ ရက်တွင်   ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးက သက်ကြီးအဘိုး(၂)ဦးနှင့် အဘွား(၅)ဦးတို့အား ထောက်ပံ့ငွေပေးအပ်ကြောင်း သိရသည်။

 

e

 

အဆိုပါ လူမှုရေးပင်စင်   ထောက်ပံ့ငွေပေးအပ်ရာတွင်   အသက်(၈၅)နှစ်အထက်  အဘိုးအဘွားများအား  လစဉ် နိုင်ငံတော်မှ သက်ကြီးဘိုးဘွား ကူညီစောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် အိမ်တိုင်ရာရောက် တစ်ဦးချင်အလိုက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

e