ရမ်းဗြဲ ၁၀ ဧပြီ

 

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူပြီး လူငယ်များ စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာရန်ရည်ရွယ်လျှက် ယနေ့ မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Communiity Centre ခန်းမ၌ လူငယ်များ စိတ်ကြိုက်ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပကြသည်။

 

1

 

ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်အောင်တင်ကြည်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး လူငယ်များမှ ဆေးရောင်အသုံးပြုတတ်စေရန်၊ ပန်းချီ၏ အခြေခံသဘောများကိုနားလည်ပြီး စာကြည့်တိုက်သို့လာရောက်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာ စေရန် စသည့်ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားသည်။ 

 

2

 

ယင်းနောက်  စာကြည့်တိုက်သို့ လာရောက်သူ လူငယ်များမှ  ကာတွန်းပုံများတွင်  လိုက်ဖက်မည့် ဆေးရောင်သုံးကာ  စိတ်ကြိုက်ဆေးရောင်များသုံးပြီး ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

 

အောင်နိုင်(ပြန်/ဆက်)