ရမ်းဗြဲ ၁၀ ဧပြီ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူပြီး လူငယ်များ စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာရန်ရည်ရွယ်လျှက် ယနေ့ မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Communiity Centre ခန်းမ၌ လူငယ်များ စိတ်ကြိုက်ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပကြသည်။
ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အောင်တင်ကြည်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး လူငယ်များမှ ဆေးရောင်အသုံးပြုတတ်စေရန်၊ ပန်းချီ၏ အခြေခံသဘောများကိုနားလည်ပြီး စာကြည့်တိုက်သို့လာရောက်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာ စေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် စာကြည့်တိုက်သို့ လာရောက်သူ လူငယ်များမှ ကာတွန်းပုံများတွင် လိုက်ဖက်မည့် ဆေးရောင်သုံးကာ စိတ်ကြိုက်ဆေးရောင်များသုံးပြီး ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
အောင်နိုင်(ပြန်/ဆက်)


