ထားဝယ် ၂၂ ဧပြီ
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းနီးရှိ တည်ထားလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များအား ရင်ငွေ့တော်လှုံ အပူဇော်ခံထားရှိသည့် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီး ဓမ္မာရုံ၌ ယနေ့နံနက် ၅ နာရီက အနေကဇာတင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ထာဝရငြိမ်းချမ်းရေး စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်များအား ဘုရားကြီးဝင်း အတွင်းမှ ထားဝယ်မြို့အတွင်းသို့ ဒေသစာရီ လှည့်လည်ကြွချီ အပူဇော်ခံခဲ့သည်။
အဆိုပါ စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ထာဝရငြိမ်းချမ်းရေး စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များကို ထားဝယ်မြို့မှ ကရင်ပြည်နယ် ဘားအံမြို့သို့ ဆက်လက်ကြွချီ အပူဇော်ခံထားရှိမည် ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)


