ထားဝယ်  ၂၂  ဧပြီ

 

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်  ကံ့ကော်ပန်းအဝိုင်းနီးရှိ တည်ထားလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များအား ရင်ငွေ့တော်လှုံ အပူဇော်ခံထားရှိသည့် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီး ဓမ္မာရုံ၌ ယနေ့နံနက် ၅ နာရီက အနေကဇာတင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

 

1

 

ထို့နောက် ထာဝရငြိမ်းချမ်းရေး စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်များအား ဘုရားကြီးဝင်း အတွင်းမှ ထားဝယ်မြို့အတွင်းသို့ ဒေသစာရီ လှည့်လည်ကြွချီ အပူဇော်ခံခဲ့သည်။

 

အဆိုပါ စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ထာဝရငြိမ်းချမ်းရေး စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များကို ထားဝယ်မြို့မှ ကရင်ပြည်နယ် ဘားအံမြို့သို့ ဆက်လက်ကြွချီ အပူဇော်ခံထားရှိမည် ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်လတ်(ပြန်/ဆက်)