မင်းလှ  ၇  မေ 


ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများ ၂၀၁၉ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မေ ၆ ရက်က အမှတ် (၅) ရပ်ကွက်၊ မိဂဒါဝုန် ဘုန်းတော်ကြီးကျောင်း၌ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများထံ လက်ဝယ်အရောက် စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်ရီရီချိုက တောင်သူများအား ချေးငွေများကို လယ်ယာမြေအတွက် စနစ်တကျ အကျိုးရှိစွာ သုံးစွဲသွားရန်နှင့် ချေးငွေစည်းကမ်းချက်များ အကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး၊  ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို  ချေးငွေ အစောဆုံး အကျေပြန်လည်ပေးဆပ်ခဲ့သော ထောက်ကြံကွင်း (အမ်) ကျေးရွာအုပ်စုနှင့် ရွှေဝါမြိုင် ကျေးရွာအုပ်စုအတွင်းမှ တောင်သူ ၁၂၉ ဦး၏ လယ် ၈၃၃ ဧက အတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းစီဖြင့် ငွေပေါင်း ၁၂၄၉၅၀ဝ၀ဝ ကျပ်အား စတင်ထုတ်ချေးပေးခဲ့သည်။


မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု (၅၆) အုပ်စုအား စီမံကိန်းဧက ၇၉၁၃၉ ဧကမှ ဧက ၆၇၀ဝ၀ အတွက် ငွေကျပ် ၁၀ဝ၅၀ သန်း ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။


ပေါက်စ (မင်းလှ)