မိုးညှင်း ၇ မေ 

 

နိုင်ငံတော်သမ္မတ၏ လူသားချင်းစာနာသည့်အနေဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလျက်ရှိရာ မေ ၇ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်မှ ABSDF အကျဉ်းသားနှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြောင်း သိရသည်။

 

မိုးညှင်းအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းအဖွဲ့မှ ဦးအောင်ဆွေဦး (၅၈)နှစ်နှင့် မောင်ဦး (၅၂)နှစ်တို့ နှစ်ဦးသည် ယနေ့မွန်းလွဲပိုင်းက မိုးညှင်းအကျဉ်းထောင်မှ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက ဆုံးမဩဝါဒစကားများ ပြောကြားပြီး မိုးညှင်းခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)