မော်လမြိုင် ၇ မေ

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၆၅၂၀ ဦးကို ယနေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ မွန်ပြည်နယ် မော်လမြိုင်အချုပ်ထောင်ရှိ အကျဉ်းသား ၂၉၂ ဦးနှင့် အကျဉ်းသူ ၆ ဦး စုစုပေါင်း ၂၉၈ ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့သည်။ 

အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ရရှိပြီး လွတ်မြောက်လာသူများအား မိသားစုဝင်များနှင့် မိတ်ဆွေများက ပျော်ရွှင်စွာကြိုဆိုခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)