ပန်းတောင်း ၈ မေ


ပဲခူးတိုင်းဒေသကြီး ပန်းတောင်မြို့နယ် ရဲတပ်ဖွဲ့မှ သောက်သုံးရေပြတ်လတ်လျှက်ရှိသော ရွာသာယာ ကျေးရွာအုပ်စု ဖန်ခါးပင်ကျေးရွာသို့ မေ ၇ ရက်တွင် သောက်ရေသန့်ဘူးကြီးများ သွားရောက်လှူဒါန်းခဲ့သည်။

 

1


ထိုသို့ လှူဒါန်းရာတွင် ပန်းတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များက သောက်သုံးရေ ပြတ်လတ်လျက်ရှိသော ဖန်ခါးပင်ကျေးရွာသို့ (၂၀)လီတာဝင် သောက်ရေသန့်ဘူးကြီး (၄၀ဝ)ကို နေအိမ်ရောက် လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

 

1


“ဒီနှစ်က နေကအရမ်းပူတော့ ချောင်းရေတွေပါ ရေခန်းခြောက်တာ၊ တူးလို့ကို မရတော့ဘူး၊ နှစ်စဉ် ချောင်းသဲရေဘဲ သောက်နေရတာ၊ ဒီနှစ်တော့ သောက်စရာရေကို မရှိတော့တာ၊ အဖွားတို့ တစ်သက် မကြုံဖူးပါဘူး” ဟု ဖန်ခါးပင်ကျေးရွာမှ အဖွားဒေါ်သဲနုမှ ပြောသည်။


အောင်မြင့်(ပန်းတောင်း)

 

1