ချောက် ၈ မေ
အခြေခံပန်းချီသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ကျောင်းဆရာမနှင့် ကျောင်းသားမိဘများက သင်ကြားချိန် ရက်သတ်မှတ်ပြီး မေ ၉ ရက်မှ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာ၊ တနဂငေ်္နွနေ့တို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကလေးငယ်များ စိတ်ပျော်ရွှင်ပြီး တီထွင်ကြံဆနိုင်ခြင်း၊ အရောင်၏ သဘောတရားနှင့် အရာဝတ္ထုတစ်ခုကို ပုံဖော်ရေးဆွဲနိုင်ခြင်း စသည့် ပညာရပ်များကို သင်တန်းဆရာ ဦးတင်အောင်မိုးမှ သင်ကြားပို့ချသွား မည် ဖြစ်သည်။
သင်တန်းသို့ သင်တန်းသားဦးရေ စုစုပေါင်း ၄၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


