ပေါက်   ၈ မေ 


မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် စမ်းရေခုံကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သော ကွန်ကရစ်ဓာတ်တိုင် စိုက်ထူခြင်းနှင့် မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးဦးစီးမှူး ဒေါ်အေးအေးသန့်က ကျေးလက် လမ်း၊ တံတား၊ မီးလင်းရေး၊ ရေရရှိရေး၊ အဆောက်အဦးတို့အတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။ 

 

1


ထို့နောက် လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးခေါင်းဆောင် ဦးသိန်းဇော်နှင့် နည်းပညာအကြံပေး ဦးမျိုး ဝင်းထွန်းတို့က လူထုဗဟိုပြုစီမံကိန်းသည် ကျေးရွာနေပြည်သူအများစု၏ လိုအပ်ချက်၊ တင်ပြချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်အောင် လိုအပ်သည့်ငွေကြေး၊ နည်းပညာ၊ အကြံဉာဏ်များ၊ လုပ်ငန်းစွမ်းရည်၊ လူထု၏စည်းရုံးမှုများကိုပါ ဖော်ဆောင်၍ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကျေးလက်မီးလင်းရေးအတွက် ကွန်ကရစ် ဓာတ်တိုင်နှင့် မီးကြိုးသွယ်တန်းပေးခြင်းလုပ်ငန်းများ ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါ လုပ်ငန်းများကို ၂၀၁၉ ခုနှစ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) မှ ခွင့်ပြုငွေကျပ် (၆၇)သိန်းနှင့် ကျေးလက်နေပြည်သူများ၏ စုပေါင်း ထည့်ငွေကျပ် ငါးသိန်းကျော်နဲ့ ကွန်ကရစ်ဓာတ်တိုင်နှင့် မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ဉာဏ်တိုး(ပေါက်)