ရမ်းဗြဲ ၈ မေ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် ယခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် သိန်းပေါင်း ၄၆၃၆၂ သိန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ယနေ့တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာအုပ်စုအတွင်းမှ တောင်သူ ၁၃၄ ဦးအတွက် တစ်ဧကလျှင် ချေးငွေကျပ် ၁၅၀ဝ၀ဝ နှုန်းဖြင့် စိုက်ဧက ၅၇၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၈၅၀ သိန်းကျော် ကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ-အောင်နိုင်(ပြန်/ဆက်)


