ဝက်လက်  ၈  မေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုဖြစ်ပွားပါက စနစ်တကျ မီးငြှိမ်းသတ်နိုင်ရေး၊ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု နည်းပါးစေရေးအတွက် မီးဘေးကြိုတင် ကာကွယ်နိုင်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မေ ၇ ရက် မွန်းလွဲပိုင်းက  ပြုလုပ်ခဲ့သည်။


ထို့သို့ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ရာတွင် ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်းနိန် က ဈေးသူ ဈေးသားများအား မီးသတ်ဆေးဗူး အသုံးဝင်ပုံများနှင့် အသုံးချပုံနှင့် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်းကို လက်တွေ့ပြသခဲ့သည်။


အဆိုပါ သရုပ်ပြလေ့ကျင့်ရာသို့ ဝက်လက်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသူ ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


စိုးစိုးလှိုင် (ဝက်လက်)