ရွှေကျင် ၈ မေ
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးရေးနည်းပညာပေး ဟောပြောပွဲနှင့် တောင်သူအစုအဖွဲ့ ဖွဲ့စည်းခြင်းကို မေ ၈ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။
ဟောပြောပွဲတွင် ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်သက်သက်ခိုင်က ပဲသီးနှံအထွက်တိုးရေးအတွက် ပိုးသတ်ဆေးအသုံးပြုနည်းနှင့် မြေဆီလွှာ ထိန်းသိမ်းခြင်းဆိုင်ရာ နည်းလမ်းများကို ဟောပြောပေးသည်။ ဆက်လက်ပြီး ရွှေကျင်မြို့နယ်အတွင်းရှိ တောင်သူများအား အစုအဖွဲ့ ဖွဲစည်းရာတွင် တစ်ဖွဲ့လျှင် စိုက်ဧက(၁၀ဝ)နှုန်းဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး တစ်မြို့နယ်လုံးအနေဖြင့် တောင်သူအစုအဖွဲ့ (၅၀) ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အနောက်ဘက်ကျေးရွာ အုပ်စုအတွင်း၌ တောင်သူအစုအဖွဲ့ ဖွဲ့စည်းရာတွင် တောင်သူအစုအဖွဲ့ (၃)စု ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


