နေပြည်တော် ၂၃ မေ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E.Mrs. Alessandra Schiavo နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လက်ရှိကမ္ဘာ့ကုန်သွယ်ရေးအခြေအနေနှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အလားအလာများ၊ အာဆီယံနိုင်ငံများအတွင်း ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အီတလီနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြားရင်းနှီးမြှုပ်နှံမှု နှင့်ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများ၊ ခေတ်မီတိုးတက် ပြောင်းလဲနေသော ငွေရေးကြေးရေးနည်းပညာများနှင့် ငွေရေးကြေးရေး တည်ငြိမ်မှု တို့ကြား ဟန်ချက်ညီစေရေးစည်းမျဉ်းဆိုင်ရာ ထိန်းကျောင်းမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


