ကျွန်းလှ  ၂၄  မေ   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပျဉ်းမမြိုင်ရပ်ကွက်၊ လဂွမ်းအိမ်လမ်းအားမြို့နယ် စည်ပင်သာယာရေး ကော်မတီက၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအထွေထွေ ပိုလျှံရန်ပုံငွေဖြင့် ကျောက်ချောလမ်းအဆင့်မြှင့်တင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ထိုကျောက်ချောလမ်း (အရှည်၂၀ဝ၀×အကျယ်၁၄)  ပေထု(၈)လက်မ ခင်းခြင်းကို ခွင့်ပြုရန်ပုံငွေကျပ် (၂၆ ဒသမ ၅) သန်းဖြင့် မြို့နယ်စည်ပင်သာယာ အင်ဂျင်နီယာ ဒေါ်မေဇော်ကို(SAE)က တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။

 

အဆိုပါလမ်းခင်းခြင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်း/မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်တင်နှင့် တာဝန်ရှိသူတို့က မေ ၂၄ ရက်နေ့က ကွင်းဆင်းစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလတွင်ပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

မျိုးဝင်းညို   (ကျွန်းလှ)

 

IMG_20