မအူပင် ၂၄ မေ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မေလ တတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် မြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်တွင် နေအိမ် (၅)လုံး၊ ပေကုန်းအုပ်စု၊ ခုနှစ်အိမ်တန်းကျေးရွာတွင် နေအိမ် (၉)လုံး၊ ပိန်းချောင်းအုပ်စု၊ ပိန်းချောင်းရွာတွင် နေအိမ်(၅)လုံး၊ တလုပ်လပ်အနောက်အုပ်စု၊ တလုပ်လပ်အနောက်အောက်ပိုင်းကျေးရွာတွင် နေအိမ် (၁)လုံးနှင့် ပေါက်ကုန်းအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် နေအိမ်(၁)လုံး၊ နတ်စဉ်အုပ်စု၊ မြဦးအိုင်ကျေးရွာတွင် နေအိမ်(၂)လုံး၊ တော်တလုပ်အုပ်စု၊ ရေလဲကြီးကျေးရွာတွင် နေအိမ်(၆)လုံး၊ သွပ်မိုးအိမ်၊ ဓနိမိုးအိမ်၊ ထရံကာ၊ ပျဉ်ခင်း၊ ဝါးခင်း စသည့်နေအိမ် စုစုပေါင်း (၂၉)လုံး၊ အိမ်ထောင်စု (၂၉)စု ပျက်စီးဆုံးရှုံးခဲ့သဖြင့် မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးပို့လှူဒါန်းမှုအား မအူပင်ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီအဖွဲ့တို့က လူသုံးကုန်ပစ္စည်း (၁၁)မျိုး၊ တာပေါ်လင်အမိုးဖျင်စနှင့် စားသုံးကုန်ပစ္စည်းများအား မေ ၂၄ ရက်နေ့က ကူညီထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)


