မေလ ၂၇ မန္တလေး

 

မြန်မာအရေးသားတိုးတက်စေရန်နှင့် စာလုံးပေါင်းသတ်ပုံ မှန်ကန်စေရန်အတွက် အက္ခရာအမှန်ရွေးပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

 

701


       
ရှေးဦးစွာ ကျောင်းသားကျောင်းသူများအား မှားတတ်သော မြန်မာအက္ခရာများဖြစ်သော ' လဲ နှင့် လည်း ' ၊ ' ပဲ နှင့် ဘဲ ' ၊ ' တက် နှင့် တတ် ' စသည့် အက္ခရာများကို အမှန်များရွေးခြယ်စေခြင်းဖြင့် ပြိုင်ပွဲကို စတင် ကျင်းပခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက မှားတတ်သော မြန်မာစာအက္ခရာများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 


      
အဆိုပါ ပြိုင်ပွဲသို့ ထွန်းသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး  ဒေါက်တာဇော်မျိုးလွင် နှင့် ကျောင်းသားကျောင်းသူ ၂၀ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

 

တင်ဇာလှိုင်(ပြန်/ဆက်)