ခန္တီး  ၂၉ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (မူကြမ်း)အား ခန္တီးမြို့နယ်အတွင်းရှိ အကျိုးဆက်စပ်သူများထံ ချပြခြင်းနှင့်အကျိုးဆက်စပ်သူများ၏ အကြံပြုချက်များရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ခန္တီးမြို့ ပြည်သူ့ ဝန်ဆောင်မှုရုံး၌ကျင်းပသည်။

 

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားသည်။

 

333333

 

ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ ခန္တီးမြို့နယ်အတွင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို  မြန်မာ့ကျောက်မျက်ရတနာတူးဖော်ရေးစခန်း(ခန္တီး)မှ ဒုတိယညွန်ကြားရေးမှူး ဦးထွန်းဝေကလည်းကောင်း သစ်တောဦးစီးဌာနမှ ခန္တီးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို မြို့နယ်သစ်တောဦးစီးမှူး ဦးတင့်နိုင် ကလည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်က သဘာဝ ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောအတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များကိုလည်းကောင်း/  ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ဆောင်ရွက် နေသော လုပ်ငန်းစဉ်များကိုလည်းကောင်း/စစ်ကိုင်းတိုင်းတာဝန်ခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ ဦးကျော်မိုးက သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီစဉ်(WCS Myanmar)မှ စစ်ကိုင်းတိုင်းအတွင်း ဆောင်ရွက်နေသော လုပ်ငန်းများကိုလည်းကောင်း၊ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တောအုပ် ဦးမိုးမြင့်အောင်က သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနမှ ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ဆောင်ရွက်နေ သည့် တရားဥပဒေစိုးမိုးရေးနှင့် ကင်းလှည့်လုပ်ငန်းများ အကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

 

666

 

ယင်းနောက် တက်ရောက်လာကြသော သားငှက်ထိန်းသိမ်းရေး အဖွဲ့များနှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုက်ရာများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသခံပြည်သူများက အပြန်အလှန် အကြံပြုဆွေးနွေး ခဲ့ကြသည်။

 

ချန်လော (ခန္တီး)