ပင်လည်ဘူး  ၁၈  အောက်တိုဘာ

 

စစ်​ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်​၊ပင်​လည်​ဘူးမြို့နယ်​​ ကောလင်း-ပင်​လည်​ဘူးသွား ကားလမ်းမကြီး​ပေါ်မှတရားမဝင်​ သစ်​ခွဲသားများ တင်​​ဆောင်​လာ​သော ယာဉ်​တစ်​စီးဖမ်းမိခဲ့​ကြောင်း သိရသည်​။

1

 

ဖြစ်​စဉ်​မှာ အောက်တိုဘာ ၁၇ ရက်​​နေ့​ မွန်းလွဲ အချိန်​ခန့်တွင်​ ပင်​လည်​ဘူးမြို့နယ်​ သစ်​​တောဦးစီးဋ္ဌာနမှ​တောအုပ်​ကြီးမြင့်​ကျော်​ ဦးစီး​သော အဖွဲ့သည်​ နယ်​​မြေခံရဲတပ်​ဖွဲ့ဝင်​များနှင့် ပူး​ပေါင်း၍ သက်​​သေများနှင့်​ကောလင်း-ပင်​လည်​ဘူး သွားကားလမ်းတွင်​သတင်းအရ ​စောင့်ဆိုင်းနေစဉ်​ ရှမ်းပြည်​နယ်​၊ ​တောင်​ကြီးမြို့၊ ​အေးသာယာရပ်​ကွက်​​နေ ​ပြည့်ဖြိုး​အောင်​ မောင်းနှင်​လာ​သော 1B/3072HINO ယာဉ်​အား မသင်္ကာ၍ရပ်​တန့် စစ်​​ဆေးရာ အဆိုပါယာဉ်​အတွင်းမှ တရားမဝင်​ကျွန်းပွတ်​လုံး၊ ကျွန်း၊ တမလန်းခွဲသားဆိုဒ်စုံ(၁၄၅)​ချောင်း၊ ကာလတန်​ဖိုး ၁၈၅၇၀ဝ ကျပ်​အား ရှာ​ဖွေစစ်​​ဆေး​တွေ့ရှိရသဖြင့် တရားမဝင်​သစ်​ခွဲသားများ တင်​​ဆောင်​လာသူ ပြည့်ဖြိုး​အောင်​အား ပင်​လည်​ဘူးမြို့မရဲစခန်းမှ ဥပ​ဒေအရ ဖမ်းဆီးအ​ရေးယူ​ ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

 

 လူ​အောင်​(ကသာ)