ပင်လည်ဘူး ၁၈ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ပင်လည်ဘူးမြို့နယ် ကောလင်း-ပင်လည်ဘူးသွား ကားလမ်းမကြီးပေါ်မှတရားမဝင် သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီးဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲ အချိန်ခန့်တွင် ပင်လည်ဘူးမြို့နယ် သစ်တောဦးစီးဋ္ဌာနမှတောအုပ်ကြီးမြင့်ကျော် ဦးစီးသော အဖွဲ့သည် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သက်သေများနှင့်ကောလင်း-ပင်လည်ဘူး သွားကားလမ်းတွင်သတင်းအရ စောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာရပ်ကွက်နေ ပြည့်ဖြိုးအောင် မောင်းနှင်လာသော 1B/3072HINO ယာဉ်အား မသင်္ကာ၍ရပ်တန့် စစ်ဆေးရာ အဆိုပါယာဉ်အတွင်းမှ တရားမဝင်ကျွန်းပွတ်လုံး၊ ကျွန်း၊ တမလန်းခွဲသားဆိုဒ်စုံ(၁၄၅)ချောင်း၊ ကာလတန်ဖိုး ၁၈၅၇၀ဝ ကျပ်အား ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင်သစ်ခွဲသားများ တင်ဆောင်လာသူ ပြည့်ဖြိုးအောင်အား ပင်လည်ဘူးမြို့မရဲစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)


